ယုံၾကည္မႈလြန္ကဲကာ လုံျခဳံေရးေပါ့ေလ်ာ့ခဲ့လုိ႔ လုပ္ၾကံခံခဲ့ရတဲ့ ႏိုင္ငံေခါင္းေဆာင္မ်ား_

ယုံၾကည္မႈလြန္ကဲကာ လုံျခဳံေရးေပါ့ေလ်ာ့ခဲ့လုိ႔ လုပ္ၾကံခံခဲ့ရတဲ့ ႏိုင္ငံေခါင္းေဆာင္မ်ား
ကမၻာေပၚမွာ ႏိုင္ငံေခါင္းေဆာင္အေတာ္မ်ားမ်ား ေပၚထြက္ခဲ့ျပီးပါျပီ။ အေမရိကန္မွာဆိုရင္လည္း ေခတ္ေျပာင္း၊ စနစ္ေျပာင္း သမၼတေတြ ေပၚထြန္းခဲ့တာကို သိၾကမွာပါ။ အာရွမွာလည္း အဲဒီလိုပဲ ေခါင္းေဆာင္မ်ိဳးေတြဟာ ေပၚထြက္ခဲ့ပါတယ္။ သူတို႔ေတြဟာ ျပည္သူထဲက တက္လာတဲ့ ေခါင္းေဆာင္ေတြျဖစ္ၾကသလို ျပည္သူအေပၚလည္း ယံုၾကည္ခဲ့ၾကပါတယ္။
ဆိုးရြားတာက အနီးက ဓါးေတြကိို မသိမျမင္လိုက္မိတာေတြက သူတို႔ရဲ႕ အသက္ကို ေၾကြလြင့္သြားေစတာပဲျဖစ္ပါတယ္။ ဒီအထဲကမွ ထင္ရွားတဲ့ လုပ္ၾကံမႈၾကီးေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ဂၽြန္ဖ္ကေနဒီ

John F. Kennedy

အေမရိကန္ျပည္ေထာင္စုရဲ႕ ၃၅ ေယာက္ေျမာက္သမၼတတစ္ဦးျဖစ္ပါတယ္။ သူလုပ္ၾကံမခံရစဥ္က က်ဴးဘားနဲ႔ ဘာလင္အပါအဝင္ ႏိုင္ငံျခားေရးရာေတြဟာ အေတာ္ကေလး ရႈပ္ေထြးေနပါတယ္။ သူဟာ အသက္အငယ္ဆံုးနဲ႔ ပထမဆံုးေသာ ရိုမန္ကတ္သလစ္ဘာသာဝင္သမၼတျဖစ္ခဲ့ပါတယ္။ သူဟာ ျပည္သူေတြကို ယံုၾကည္ခဲ့သလို ဘယ္သူ႔ကိုမွ သံသယမ်က္လံုးနဲ႔ မၾကည့္ခဲ့ပါဘူး။ သူ႔ရဲ႕အစိုးရအဖြဲ႕ဟာ ရက္ေပါင္း ၁၀၃၇ ရက္ အုပ္ခ်ဳပ္ခဲ့ပါတယ္။ သူ႔ကို လုပ္ၾကံရာမွာ ရိုင္ဖယ္ေသနတ္ကို အသံုးျပဳခဲ့တယ္လို႔ သမိုင္းမွာေဖာ္ျပခဲ့ပါတယ္။ ၁၉၆၃ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၂ ရက္ေန႔ မွာ Depository အေဆာက္အအံုရဲ႕ ေျခာက္ထပ္ေျမာက္ၾကမ္းခင္း ေပၚကေန ေန႔လည္ခ်ိန္ ၁၂ နာရီခြဲမွာ ပစ္ခတ္ခဲ့တာပဲျဖစ္ပါတယ္။ ဒီပစ္ခတ္မႈမွာ ကေနဒီအပါအဝင္ တကၠဆက္ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴးတို႔ ေသဆံုးခဲ့ပါတယ္။ အဲဒီပစ္ခတ္မႈအျပီးမွာ Lee Harvey Oswald ဟာ ဒီအမႈအတြက္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ အေမရိကန္ျပည္ေထာင္စုက ႏိုဝင္ဘာလ ၂၃ ရက္ေန႔ ၁နာရီခြဲအခ်ိန္မွာ သမၼတကေနဒီေသဆံုးေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။

၂။ ေအဗရာဟင္လင္ကြန္း

Abraham Lincoln
ေအဗရာဟင္လင္ကြန္းဟာ အေမရိကန္ရဲ႕ ၁၆ ေယာက္ေျမာက္သမၼတျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ သူရေကာင္းသမၼတေတြထဲကမွ လူခ်စ္အခံရဆံုးသမၼတျဖစ္ပါတယ္။ ေက်းကၽြန္ေတြအတြက္ ကယ္တင္ရွင္ျဖစ္သလို ေအာက္ေျခက တက္လာခဲ့သူလည္းျဖစ္ပါတယ္။ လက္ကြန္းကို လုပ္ၾကံသူကေတာ့ အေမရိကန္ရဲ႕ ဓနရွင္အုပ္စုထဲကလို႔ ဆိုပါတယ္။ လင္ကြန္းမုန္းတီးမႈအဖြဲ႔ထဲမွာလည္းပါဝင္သူျဖစ္ပါတယ္။ လင္ကြန္းကို လုပ္ၾကံဖို႔ John Wilkes Booth ဟာျပဇာတ္ရံုထဲမွာ ဧျပီလ ၁၄ ရက္ေန႔မွာေျပာၾကားခဲ့ပါတယ္။ အဲဒီေနာက္ စည္းေဝးခန္းမထဲကို ဝင္ျပီး လင္ကြန္းေနာက္ကေန ဦးေခါင္းကို ပစ္ခတ္ခဲ့တာပဲျဖစ္ပါတယ္။

၃။ မာတင္လူသာကင္း

Martin Luther King
မာတင္လူသာကင္းဂ်ဴနီယာဟာ ဥပေဒေရးရာနဲ႔ အသားအေရာင္ခြဲျခားမႈေတြအတြက္ ဦးေဆာင္လႈပ္ရွားခဲ့သူပဲျဖစ္ပါတယ္။ ၁၉၆၈ ခုႏွစ္မွာ James Earl Ray က လုပ္ၾကံခဲ့တာပဲျဖစ္ပါတယ္။ လူထုက ေထာက္ခံအားေပးေနတဲ့ မာတင္ကို အီလီႏိြဳက္ျပည္နယ္မွာ လုယက္မႈေတြအတြက္ ေထာင္က်ေနသူျဖစ္ျပီး ႏွစ္ႏွစ္အၾကမွာ လြတ္ေျမာက္လာသူပဲျဖစ္ပါတယ္။ သူ႔ကို ဖမ္းဆီးစစ္ေမးရာမွာေတာ့ ေနာက္ကြယ္ကကိစၥရပ္ေတြဟာ အင္မတန္ ရႈပ္ေထြးေနတယ္လို႔ ဆိုခဲ့ပါတယ္။

Jr၄။ မဟတၱမဂႏီၵ

Mahatma Gandhi
ဂႏီၵဟာ ျဗိတိသွ်အုပ္ခ်ဳပ္ေရးကို ဆန္႔က်င္ခဲ့သူျဖစ္ပါတယ္။ အိႏိၵယအမ်ိဳးသားေရးလႈပ္ရွားမႈကို ဦးေဆာင္ခဲ့သူလည္းျဖစ္ပါတယ္။ သူဟာ ႏိုင္ငံေရးနဲ႔ လူမႈေရးတိုးတက္လာေစဖို႔အတြက္ အၾကမ္းမဖက္ဆႏၵျုပခဲ့သူပဲျဖစ္ပါတယ္။ ၁၉၄၆ – ၄၇ ခုႏွစ္မွာ ဟိႏၵဴနဲ႔ မြတ္စလင္အၾကား လူမ်ိဳးေရးအဓိကရုဏ္းေတြျဖစ္ေပၚလာခဲ့ပါတယ္။ ဒီအတြက္ သူဟာ ၁၉၄၈ ခုႏွစ္မွာ ေအးခ်မ္းေအာင္ေဆာင္ရြက္ႏိုင္ခဲ့ပါတယ္။ အိႏိၵယျပည္သူအမ်ား ခ်စ္ခင္ခံရသူလည္းျဖစ္ပါတယ္။ ဒါေပမဲ့ နယူးေဒလီက ဆုေတာင္းပြဲတစ္ခုမွာ  Nathuram Godse က ဇန္နဝါရီလ ၃၀ ရက္ေန႔မွာ လုပ္ၾကံခဲ့ပါတယ္။ ဂႏီၵဆံုးျပီးခ်ိန္မွာေတာ့ အိႏိၵယအမ်ိဳးသမီးေတြနဲ႔ ကေလးေတြဟာ ငိုေၾကြးခဲ့ပါတယ္။

၅။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း

Bogyoke (General) Aung San
ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ေရးဖခင္ၾကီးလို႔ တင္စားရတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ ၁၉၄၇ ခုႏွစ္ ဇူလိုင္လ ၁၉ ရက္ေန႔မွာ ရန္ကုန္ျမိဳ႕ အတြင္းဝန္ၾကီးမ်ား ရံုးမွာ လုပ္ၾကံခံခဲ့ရပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအျပင္ ႏိုင္ငံရဲ႕အေရးၾကီးတဲ့ ေခါင္းေဆာင္ကိုးဦးပါ ေသဆံုးခဲ့ရတဲ့ လုပ္ၾကံမႈၾကီးျဖစ္ပြားခဲ့တာပါ။
ကိုယ္က်ိဳးမဖက္တဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္သလို အမ်ိဳးသားသူရဲေကာင္း၊ ေတာ္လွန္ေရးသမား၊ မ်ိဳးခ်စ္ပုဂိၢဳလ္၊ စစ္ေသနာပတိ၊ ႏိုင္ငံေရးသမား စတာေတြကို လုပ္ကိုင္ျပီး ႏိုင္ငံအတြက္ အက်ိဳးျပဳခဲ့တာေၾကာင့္ ျပည္သူေတြက အလြန္အမင္းခ်စ္ခင္ခဲ့ၾကပါတယ္။ ဗိုလ္ခ်ဳပ္ဟာ ျမန္မာျပည္မွာ က်ဳပ္ကို လုပ္ၾကံမယ့္သူ မရွိဘူးရယ္လို႔ေတာင္ ႏႈတ္က ဖြင့္ဟခဲ့သူျဖစ္ပါတယ္။ ဒါေပမဲ့ အနီးအနားက ပုဂိၢဳလ္ေတြရဲ႕ စကားခၽြတ္ေခ်ာ္မႈ၊ ႏိုင္ငံေရးဆိုင္ရာ အယူအဆကြဲျပားမႈေတြေၾကာင့္ပဲ ဂ႒ဳန္ဦးေစာနဲ႔ အဖြဲ႔ဟာ ဝန္ၾကီးမ်ားရံုးမွာ အစည္းအေဝးလုပ္ေနတဲ့ ဗိုလ္ခ်ဳပ္တို႔ကို ေသနတ္မ်ားနဲ႔ ပစ္ခတ္လုပ္ၾကံခဲ့ၾကပါတယ္။ အဲဒီအခ်ိန္က ျမန္မာႏိုင္ငံတစ္ဝန္းလံုးမွာ ငိုေၾကြးခဲ့ၾကတဲ့အထိ ျဖစ္ခဲ့ၾကပါတယ္။
အခရာ
www.akhayar.com
[Unicode]

ယုံကြည်မှုလွန်ကဲကာ လုံခြုံရေးပေါ့လျော့ခဲ့လို့ လုပ်ကြံခံခဲ့ရတဲ့ နိုင်ငံခေါင်းဆောင်များ
ကမ္ဘာပေါ်မှာ နိုင်ငံခေါင်းဆောင်အတော်များများ ပေါ်ထွက်ခဲ့ပြီးပါပြီ။ အမေရိကန်မှာဆိုရင်လည်း ခေတ်ပြောင်း၊ စနစ်ပြောင်း သမ္မတတွေ ပေါ်ထွန်းခဲ့တာကို သိကြမှာပါ။ အာရှမှာလည်း အဲဒီလိုပဲ ခေါင်းဆောင်မျိုးတွေဟာ ပေါ်ထွက်ခဲ့ပါတယ်။ သူတို့တွေဟာ ပြည်သူထဲက တက်လာတဲ့ ခေါင်းဆောင်တွေဖြစ်ကြသလို ပြည်သူအပေါ်လည်း ယုံကြည်ခဲ့ကြပါတယ်။
ဆိုးရွားတာက အနီးက ဓါးတွေကို မသိမမြင်လိုက်မိတာတွေက သူတို့ရဲ့ အသက်ကို ကြွေလွင့်သွားစေတာပဲဖြစ်ပါတယ်။ ဒီအထဲကမှ ထင်ရှားတဲ့ လုပ်ကြံမှုကြီးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဂျွန်ဖ်ကနေဒီ 

John F. Kennedy
အမေရိကန်ပြည်ထောင်စုရဲ့ ၃၅ ယောက်မြောက်သမ္မတတစ်ဦးဖြစ်ပါတယ်။ သူလုပ်ကြံမခံရစဉ်က ကျူးဘားနဲ့ ဘာလင်အပါအဝင် နိုင်ငံခြားရေးရာတွေဟာ အတော်ကလေး ရှုပ်ထွေးနေပါတယ်။ သူဟာ အသက်အငယ်ဆုံးနဲ့ ပထမဆုံးသော ရိုမန်ကတ်သလစ်ဘာသာဝင်သမ္မတဖြစ်ခဲ့ပါတယ်။ သူဟာ ပြည်သူတွေကို ယုံကြည်ခဲ့သလို ဘယ်သူ့ကိုမှ သံသယမျက်လုံးနဲ့ မကြည့်ခဲ့ပါဘူး။ သူ့ရဲ့အစိုးရအဖွဲ့ဟာ ရက်ပေါင်း ၁၀၃၇ ရက် အုပ်ချုပ်ခဲ့ပါတယ်။ သူ့ကို လုပ်ကြံရာမှာ ရိုင်ဖယ်သေနတ်ကို အသုံးပြုခဲ့တယ်လို့ သမိုင်းမှာဖော်ပြခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့ မှာ Depository အဆောက်အအုံရဲ့ ခြောက်ထပ်မြောက်ကြမ်းခင်း ပေါ်ကနေ နေ့လည်ချိန် ၁၂ နာရီခွဲမှာ ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပစ်ခတ်မှုမှာ ကနေဒီအပါအဝင် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ သေဆုံးခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအပြီးမှာ Lee Harvey Oswald ဟာ ဒီအမှုအတွက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာလ ၂၃ ရက်နေ့ ၁နာရီခွဲအချိန်မှာ သမ္မတကနေဒီသေဆုံးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

၂။ အေဗရာဟင်လင်ကွန်း

Abraham Lincoln
အေဗရာဟင်လင်ကွန်းဟာ အမေရိကန်ရဲ့ ၁၆ ယောက်မြောက်သမ္မတဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သူရကောင်းသမ္မတတွေထဲကမှ လူချစ်အခံရဆုံးသမ္မတဖြစ်ပါတယ်။ ကျေးကျွန်တွေအတွက် ကယ်တင်ရှင်ဖြစ်သလို အောက်ခြေက တက်လာခဲ့သူလည်းဖြစ်ပါတယ်။ လက်ကွန်းကို လုပ်ကြံသူကတော့ အမေရိကန်ရဲ့ ဓနရှင်အုပ်စုထဲကလို့ ဆိုပါတယ်။ လင်ကွန်းမုန်းတီးမှုအဖွဲ့ထဲမှာလည်းပါဝင်သူဖြစ်ပါတယ်။ လင်ကွန်းကို လုပ်ကြံဖို့ John Wilkes Booth ဟာပြဇာတ်ရုံထဲမှာ ဧပြီလ ၁၄ ရက်နေ့မှာပြောကြားခဲ့ပါတယ်။ အဲဒီနောက် စည်းဝေးခန်းမထဲကို ဝင်ပြီး လင်ကွန်းနောက်ကနေ ဦးခေါင်းကို ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။

၃။ မာတင်လူသာကင်း

Martin Luther King
မာတင်လူသာကင်းဂျူနီယာဟာ ဥပဒေရေးရာနဲ့ အသားအရောင်ခွဲခြားမှုတွေအတွက် ဦးဆောင်လှုပ်ရှားခဲ့သူပဲဖြစ်ပါတယ်။ ၁၉၆၈ ခုနှစ်မှာ James Earl Ray က လုပ်ကြံခဲ့တာပဲဖြစ်ပါတယ်။ လူထုက ထောက်ခံအားပေးနေတဲ့ မာတင်ကို အီလီနွိုက်ပြည်နယ်မှာ လုယက်မှုတွေအတွက် ထောင်ကျနေသူဖြစ်ပြီး နှစ်နှစ်အကြမှာ လွတ်မြောက်လာသူပဲဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးစစ်မေးရာမှာတော့ နောက်ကွယ်ကကိစ္စရပ်တွေဟာ အင်မတန် ရှုပ်ထွေးနေတယ်လို့ ဆိုခဲ့ပါတယ်။

၄။ မဟတ္တမဂနီ္ဒ

Mahatma Gandhi
ဂနီ္ဒဟာ ဗြိတိသျှအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ အိနိ္ဒယအမျိုးသားရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ သူဟာ နိုင်ငံရေးနဲ့ လူမှုရေးတိုးတက်လာစေဖို့အတွက် အကြမ်းမဖက်ဆန္ဒြုပခဲ့သူပဲဖြစ်ပါတယ်။ ၁၉၄၆ – ၄၇ ခုနှစ်မှာ ဟိန္ဒူနဲ့ မွတ်စလင်အကြား လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအတွက် သူဟာ ၁၉၄၈ ခုနှစ်မှာ အေးချမ်းအောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အိနိ္ဒယပြည်သူအများ ချစ်ခင်ခံရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ နယူးဒေလီက ဆုတောင်းပွဲတစ်ခုမှာ  Nathuram Godse က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ လုပ်ကြံခဲ့ပါတယ်။ ဂနီ္ဒဆုံးပြီးချိန်မှာတော့ အိနိ္ဒယအမျိုးသမီးတွေနဲ့ ကလေးတွေဟာ ငိုကြွေးခဲ့ပါတယ်။

၅။ ဗိုလ်ချုပ်အောင်ဆန်း

Bogyoke (General) Aung San
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးလို့ တင်စားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ရန်ကုန်မြို့ အတွင်းဝန်ကြီးများ ရုံးမှာ လုပ်ကြံခံခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပြင် နိုင်ငံရဲ့အရေးကြီးတဲ့ ခေါင်းဆောင်ကိုးဦးပါ သေဆုံးခဲ့ရတဲ့ လုပ်ကြံမှုကြီးဖြစ်ပွားခဲ့တာပါ။
ကိုယ်ကျိုးမဖက်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သလို အမျိုးသားသူရဲကောင်း၊ တော်လှန်ရေးသမား၊ မျိုးချစ်ပုဂိ္ဂုလ်၊ စစ်သေနာပတိ၊ နိုင်ငံရေးသမား စတာတွေကို လုပ်ကိုင်ပြီး နိုင်ငံအတွက် အကျိုးပြုခဲ့တာကြောင့် ပြည်သူတွေက အလွန်အမင်းချစ်ခင်ခဲ့ကြပါတယ်။ ဗိုလ်ချုပ်ဟာ မြန်မာပြည်မှာ ကျုပ်ကို လုပ်ကြံမယ့်သူ မရှိဘူးရယ်လို့တောင် နှုတ်က ဖွင့်ဟခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ အနီးအနားက ပုဂိ္ဂုလ်တွေရဲ့ စကားချွတ်ချော်မှု၊ နိုင်ငံရေးဆိုင်ရာ အယူအဆကွဲပြားမှုတွေကြောင့်ပဲ ဂဋ္ဌုန်ဦးစောနဲ့ အဖွဲ့ဟာ ဝန်ကြီးများရုံးမှာ အစည်းအဝေးလုပ်နေတဲ့ ဗိုလ်ချုပ်တို့ကို သေနတ်များနဲ့ ပစ်ခတ်လုပ်ကြံခဲ့ကြပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ငိုကြွေးခဲ့ကြတဲ့အထိ ဖြစ်ခဲ့ကြပါတယ်။

အခရာ
www.akhayar.com

Leave a Reply

Your email address will not be published. Required fields are marked *